မြောင်းမြ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးရာတွင် အသည်းရောင်အသားဝါ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ (ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ကျန်းမာရေးဝန်ထမ်းဆရာမများက နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ မြောင်းမြမြို့ပေါ်ရှိ (၁၆) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)