ဖျာပုံမြို့​မြောက်ပိုင်းဈေးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်

ဖျာပုံ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးများတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ပိုင် မြောက်ပိုင်းစျေးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဝင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှတာဝန်ရှိသူများ၊ မြောက်ပိုင်းစျေးမှ စျေးတာဝန်ခံများနှင့် စျေးသူစျေးသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြောက်ပိုင်းစျေးတွင် ဆီမီးလောင်မှုကို အောက်ဆီဂျင် ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီး​ငြှိမ်းသတ်နည်းစသော မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ ထို့နောက်မြောက်ပိုင်းစျေးအတွင်းရှိ မီးပလပ်ခုံများ၊ မီးကြိုးများကြံ့ခိုင်မှုရှိ၊မရှိ လိုက်လံစစ်ဆေးကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား စျေးသူ၊ စျေးသားများသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်