ခိုလမ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မူလွန်(ဝမ်ဖွီး)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှထွေးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်နှင့် မမေ့လျော့စေရန်ဟောပြောခဲ့ပြီး အလယ်တန်း(ပြ)ဆရာမ ဒေါ်စိုးစန္ဒာထွန်းမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့သည်။
နေလင်းထွန်း(ပြန်/ဆက်)