အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

လွိုင်လင် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကလေးငယ်များအား အသိဥာဏ်ဗဟုသုတများဖွံ့ဖြိုးတိုးတက်စေလာရန်ရည်ရွယ်၍ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ပေးခဲ့သည်။

 ယင်းနောက် အဆိုပါကျောင်းတွင် ကျောင်းရှိ ကလေးငယ်လေးများက ဘောလုံးကောက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ရုပ်ပုံဆက်ပြိုင်ပွဲများအား ပျော်ရွင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီးနောက် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)