လွိုင်လင် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထပ်ဆောင်းကိုဗစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို နောက်ဆုံးအကြိမ်ထိုးပြီး ၆လနှင့်အထက်ဝန်ထမ်းများ၊ တပ်မတော်သားများအား Pfizer(Booster) ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မိုး