မိုးနဲ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၈)နှစ်မြေက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားကွင်း မိုးလုံလေလုံခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အားကစားသမားများ အားကစားကွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ပေးခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင် အသင်းလိုက်ဆုရရှိကြမည့် အားကစားသမားများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)