ဟိုပုံးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဟိုပုံး ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး)မှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ပြည်ထောင်စုနေ့  ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအားလည်းကောင်း တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့အပြင် စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်၊ ပေါင်းစည်းချစ်ကြည် လက်တွဲညီ ပြည်ထောင်စုရဲ့ ပန်းတိုင်ဆီ၊ တို့ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်စွမ်းအားပြည့်ခွန်အား၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ တိုင်းပြည်သာယာဝပြောဖို့ ငြိမ်းချမ်းရေးကိုတည်ဆောက်စို့၊ ပြည်ထောင်စုကို ကာကွယ်စို့စသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာများ ပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင် (၄၀၀)စောင်အား ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဖတ်ရှုမှတ်သား နိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)