မိုင်းပျဉ်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်း(Smart Village) စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်နိုင်ဦးက အကောင်အထည်ဖော်ဆောင်ရွက်သည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်း(Smart Village) စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဟောင်ကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမိုးကျော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ကျေးရွာကွန်ကရစ်လမ်းသစ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်နိုင်ဦးနှင့် ဟောင်ကန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်း(Smart Village) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ/ကျေးရွာသားများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)