မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း ၂၆၃ ကျောင်းရှိ KG တန်းမှ ကျောင်းသား/သူများအား တတိယအကြိမ်ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်

မိတ္ထီလာ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အ.ထ.က (ချည်စက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးသည့်နေရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်နှင့်ဆရာဆရာမများက အ.ထ.က (ချည်စက်)ရှိ KG တန်းတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အလားတူ မြို့နယ်အတွင်းရှိ အခြားအခြေခံပညာကျောင်းပေါင်း ၂၆၂ ကျောင်းရှိ  KG တန်းကျောင်းသူ ကျောင်းသားများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယခုဒုတိအကြိမ်အပါအဝင် ဇန်နဝါရီလအတွင်း နှစ်ကြိမ်နှင့် ဖေဖော်ဝါရီလတွင် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     

ချမ်းသာ