စဉ့်ကိုင်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

စဉ့်ကိုင် ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိအခြေခံပညာရေးဦးစီး ဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ  ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများက အ.ထ.က (စဉ့်ကိုင်)၊ အ.လ.က(ခွဲ) (တရုတ်စု)၊ အ.မ.က(ရန်နိုင်)၊ အ.မ.က(မြို့မ)ကျောင်းများရှိ KG ကျောင်းသား(၄၁)ဦး၊ ကျောင်းသူ(၄၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၈၆)ဦးတို့အား ထမင်း၊ ကြက်သားဟင်း၊ ပဲရာဇာဟင်းနှင့် ငှက်ပျော်သီးများ ကျွေးမွေးခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်) (၃၉၉)