မန္တလေး ဖေဖော်ဝါရီ ၅
မန္တလေး၊ အောင်မြေသာစံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် ဦးတင်မောင်ဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် တာဝန်ရှိသူများ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က ရုံးလုပ်ငန်းတာဝန်များ ခွဲဝေချထားပေးပြီး ရုံးလုပ်ထုံးလုပ်နည်းများနှင့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့နောက် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံမှ မန္တလေး၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တွဲဖက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း (၃၈)ဦး ကိုယ်စားဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)