ကျိုင်းတုံမြို့၌ ဆေးရုံအခြေပြုကိုဗစ်ကာကွယ်ဆေး(Pfizer XBB 1.5) ထိုးနှံ‌ပေးလျက်ရှိ

ကျိုင်းတုံ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအခြေပြု ကိုဗစ်ကာကွယ်ဆေး(Pfizer XBB 1.5) ထိုးနှံ‌ပေးခြင်းကို ယနေ့ နံနက်က ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ အနည်းဆုံး(၆)လရှိပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်/စစ်ဆေးမှုများပြုလုပ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)