ချမ်းမြသာစည်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ချမ်းမြသာစည်  ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးဆောင်ကြီးကြပ်မှုဖြင့် မီးသတ်ဝန်ထမ်းများသည် ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအား  ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက်မီးဘေးဆိုင်ရာညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်တို့အား အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့