မြစ်သားမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်

မြစ်သား  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် မြို့အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင် သွားလာရေး ၊ ခရီးသွားမှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်များ ပါရှိမှုရှိ။မရှိ စစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ(SRT)အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နေ့စဉ်နံနက်()နာရီမှ (၁၀)နာရီ အထိ အလှည့်ကျ တာဝန်ချ စနစ်ဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

           မြမြမွန်(ပြန်/ဆက်)