ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ပလောက် ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၁) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ဝါသနာပါသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို ပလောက်မြို့ ရုံးဝန်ထမ်းများက ဌာနဆိုင်ရာ ရုံးများသို့ အလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)