ကွတ်ခိုင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ (TalkShow)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးလွှမ်းမိုးအောင်က မီးသတိပြုရေး၊မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများကို အသေးစိပ်ပြန်လည်ဆွေးနွေး ပြောကြားသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် လက်ရှိကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း လူစုလူဝေးဖြင့် အသိပညာပေး ဟောပြောပွဲနှင့်ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ Online မှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လစဉ် Talk Show အစီအစဉ်များ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)