ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေး  ဇန်နဝါရီလ  ၁၀

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီအစဉ်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင် အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်ကြူကြူမာ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီစဉ်ဆိုင်ရာ ကိစ္စရပ်များ အကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၀ ရက်မှ ဇန်နဝါရီလ ၁၂ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီစဉ်ဆိုင်ရာ ကိစ္စရပ်များ (SIF)တွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ပညာရေးတာဝန်ခံများနှင့် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများ စုစုပေါင်း (၂၀၃) ဦးနှင့် Mobile application အသုံးပြုပြီး စာရင်းဇယားများ ဆောင်ရွက်ရန် (ODK)တွင် ဒုတိယမြို့နယ်ပညားရေးမှူး၊ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် PGDMA ဆရာ/ဆရာမများ စုစုပေါင်း (၁၀၇)ဦးအား သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

တင်ဇာလှိုင်