ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်ရောက်ကုသနေသူများအနက် မလွှပင်ကျေးရွာနေသူ (၁)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ

ကျောက်ပန်းတောင်း၊  ဒီဇင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့်၊ ဆေးရုံ တက်ရောက်ဆေးကုသမှုခံယူနေသူ၊ မင်းခေါင်းမြောက်ကျေးရွာအုပ်စု၊ မလွှပင်ကျေးရွာ နေသူ(၁)ဦး၊ ဒီဇင်ဘာ(၂)ရက်နေ့က ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre တွင် နိုဝင်ဘာ(၂၂)ရက်နေ့အထိ Quarantine ဝင်နေသူ(၁၅၃)ဦးအနက်မှ၊ နိုဝင်ဘာ(၂၉)ရက်နေ့အထိ Quarantine ဝင်ရောက်ပြီး၊ Swab ယူရန်ကျန်ရှိနေသူ (၁၄)ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှပြန်လည်ရောက်ရှိလာသည့်၊ မင်းခေါင်း(မ)ကျေးရွာအုပ်စု၊ မလွှပင်ကျေးရွာနေသူ(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့ရာမှ ရေားဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်းသိရပြီး၊ ၎င်း ၏‌နေအိမ်သို့ မြို့နယ်ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယနေ့အထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ပိုးတွေ့လူနာအဖြစ် ဆေးရုံတက်ရောက် ကုသနေသူ(၁၀)ဦး ကျန်ရှိနေသေးကြောင်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)