ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန့်နေ့နံနက်ပိုင်းက ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးတွင် စုပေါင်းအမှိုက်လှဲခြင်းလုပ်ငန်း၊ ပြည်သူ့အကျိုးပြုအဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၃၀)ဦးမှ မဟာရွှေသိမ်တော်ဂေါပကအဖွဲ့နှင့် ပူးပေါင်းပြီး ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီး၏ ရင်ပြင်တော်နှင့် ပရဝုဏ်နေရာများ၊ ဓမ္မာရုံအတွင်းအပြင် နေရာများတွင် ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော အမှိုက်များကို အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)