တီးတိန် ဒီဇင်ဘာ ၄
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case -79482 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် နိုင်ငံခြားမှပြန်လာသူ တီးတိန်မြို့နယ်၊ တွီးကျင့်လွီးကျေးရွာနေ အသက် (၂၆)နှစ်အရွယ် အမျိုးသားဖြစ်သည်။ တီးတိန်ပြည်သူ့ဆေးရုံ၌ ယခုလတ် တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ (၂)ဦး ဆေးကုသမှု ခံယူဆဲဖြစ်ကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးအခြေ အနေကောင်းမွန်လျက်ရှိကြောင်း၊ တီးတိန်မြို့ပြည်သူ့ဆေးရုံမှ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ (၂၆)ဦးအား ဆေးကုသပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)