ဇေယျာသီရိ ဖေဖော်ဝါရီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ လမ်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)