မိုင်းပန် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်ဘောလုံးကွင်း၌ စတင်ယှဉ်ပြိုင်ခဲ့ရာ ဖွင့်ပွဲပြိုင်ပွဲတွင် (Play boy FC) အသင်းက (Panda FC) အသင်းအား (၆) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့မှစတင်၍ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ (၄) ရက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး (တာဝန်ခံ) ဒေါ်နန်းမိုခမ်းဟိန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)