ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀း၀၀)နာရီအချိန်က အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးတာဝန်ခံ ဦးသန့်ဇင်ထွန်းမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးတာဝန်ခံ ဦးသန့်ဇင်ထွန်းမှ အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၉၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အရွယ်ရောက်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ရပ်ကွက်ကျေးရွာများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်