ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကူအညီရယူရေး အသိပညာပေး‌ဆွေးနွေးဟောပြော‌

ကျုံပျော် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက စာသင်သားများ၏ဘေးအန္တရာယ် ကာကွယ်ရေးနှင့်အကူအညီရယူရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက ကျုံပျော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်းဆန်းခန်းမရှိ စဉ်ဆက်ပညာရေးလုပ်ငန်း ဆင့်ပွား သင်တန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်က မီးဘေးအန္တရာယ်၏ဆိုးကျိုးများ၊ မီးဘေးအန္တရာယ်မဖြစ်‌ပေါ်ရေး လိုက်နာဆောင်ရွက်မည့်အချက်များ၊ မတော်တဆဘေးအန္တရာယ် ကြုံတွေ့မှုများ၊ မုန်တိုင်းဘေး၊ ငလျင်ဘေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မီးသတ်တပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေး‌နေမှုများအား ဟောပြောဆွေးနွေးပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဆွေးနွေးဟောပြောမှုသို့ ၂၀၂၅ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းမှ သင်တန်းသား ၁၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)