ကျုံပျော်တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ကျုံပျော် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအရ သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက်တော်မူကြသော မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူစေခြင်း၊ အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားအား ကျုံပျော်မြို့နယ်၊ အင်းရဲလမ်း၊ အောင်ဆန်း ရပ်ကွက်ရှိ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်း‌ဒေသကြီး သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ တိုင်းဒေသကြီးသံဃဝန်ဆောင် ဆရာတော်များ၊ တိုင်းသာသနာရေး ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံဃာတော်များက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအရ  မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူစေခြင်း၊ အစားထိုးပြန်လည်ရွေးချယ်ခြင်းများ ဆောင်ရွက်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မြို့နယ်အတွင်းရှိ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များအား ဝတ္ထုငွေနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)