ကရသူရိမြို့၊ ပြည်သူ့ဆေးရုံ၌ ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizerထိုးနှံပေး

ကရသူရိ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌   ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို တိုက်နယ်တာဝန်ခံဆရာဝန်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ဆေးထိုးနှံရာတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာ‌ရေးဆိုင်ရာအချက်အလက်များ‌ရေးသွင်း၍ (၇)ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) အား ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)အား ဆေးတစ်ပုလင်းလျှင် လူ(၆)ဦး ထိုးနှံရပြီး ‌ဒေသခံပြည်သူများနှင့် နီးစပ်ရာ ကျေးရွာများမှ လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)