ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်း ၊ အလယ်တန်း၊ မူလတန်းအဆင့်  စာစီစာကုံး၊ ပန်းချီ၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းပြိုင်ပွဲ၌ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြည်ထောင်စုမြေအလှဝေ ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၁၄)ဦး၊ ကဗျာပြိုင်ပွဲတွင် စည်းလုံးခြင်းခွန်အား ပြည်ထောင်စု နှလုံးသား ခေါင်းစဉ်ဖြင့် (၄)ဦး၊စာစီစာကုံးပြိုင်ပွဲတွင် ရှေးရှုနွှဲပျော် ပြည်ထောင်စုပွဲတော် ခေါင်းစဉ်ဖြင့် (၄) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် သွေးစည်းချစ်ကြည်လက်ချင်းဆက် ပြည်ထောင်စုသည်တို့အသက် ခေါင်းစဉ်ဖြင့် (၄) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ညီနောင်လက်တွဲပြည်ထောင်စုပွဲ ခေါင်းစဉ်ဖြင့်(၁၅)ဦး၊ ကဗျာပြိုင်ပွဲတွင် ပင်လုံစိတ်ဓာတ်အခြေပြု ဒါတို့ပြည်ထောင်စု ခေါင်းစဉ်ဖြင့် (၇)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ထာဝစဉ်မမေ့အပ် ပြည်ထောင်စုနေ့မြတ် ခေါင်းစဉ်ဖြင့် (၆) ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြည်ထောင်စုနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်(၂၉)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ပြည်ထောင်စုအမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ(၇)ဦးတို့ ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ.ထ.က-ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)