လွိုင်လင်မြို့ ၂၅ ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကွင်းဆင်းဆေးကုသပေး

လွိုင်လင် ဖေဖော်ဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ၂၅ ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ယမန်နေ့တွင် လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးနေကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းကုသပေးရာသို့ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရောဂါအမျိးမျိုးဝေဒနာရှင်များက လာရောက်၍ဆေးကုသမှုခံယူသူများကို ၂၅ ကုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး လိုအပ်သည့် စမ်းသပ်မှုများ၊ စားဆေး၊ လိမ်းဆေးများ ကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။

လွိုင်လင်မိုး