ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်

ကရသူရိ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများသာမက စာအုပ်၊ စာပေများမှပေးသော အသိပညာဗဟုသုတများရရှိ‌ရေး၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်‌၍ ထူးချွန်ထက်မြက်‌‌ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင် ကလေးများပေါ်ထွန်းရေးဆောင်ရွက်ခြင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ မိမိကြိုက်နှစ်သက်ရာ စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ရုပ်သံကျွမ်းကျင်-၃ မှ ဆုများရွေးချယ်၍ ဆုရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။        

ကရသူရိ(ပြန်/ဆက်)