မိုင်းနောင်မြို့တွင်(omicron) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း ဆောင်ရွက်

မိုင်းနောင် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင်(Omicron) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်အထက်နှင့် အသက်(၅၀)နှစ်အထက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များအား  ဦးစားပေးထိုးနှံပေးမည်ဖြစ်ပြီး ပထမရက်အဖြစ် ပညာရေးဝန်ထမ်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုစုပေါင်း (၇၀)ဦးတို့အား ထိုးနှံပေး၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ မိဘပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုထိုးနှံသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသည် ဂျာမဏီနိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမေထားနှင့်ဝန်ထမ်းတို့က သတ်မှတ်စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)