ဇေယျာသီရိ ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခြူးယမုံဝင့်က စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အကြောင်းအရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးပပဖြိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အလွန်သေးငယ်သော အမှုန်အမွှား (PM2.5) အကြောင်းသိကောင်းစရာ အသိပညာပေး Video Clip ပြသခြင်း၊ ကျောင်းသား၊ကျောင်းသူများနှင့် မေးခွန်းများအပြန်အလှန်မေးမြန်းဖြေကြားခြင်း၊ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)