ကြံခင်း ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်အဖြစ် နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုရင် (၇၈) နှစ်တိုင်တိုင်ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် ယခင်နှစ်များအတိုင်း ပြည်ထောင်စုနေ့အခမ်းအနားကို ကြံခင်းမြို့၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခမ်းအနားတက်ရောက်လာကြမည့် ဧည့်သည်တော်များ၊ ကြိုဆိုနေရာချထားရေး၊ တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့က ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆပ်ကော်မတီများ၏ တင်ပြဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)