ကျိုင်းတုံ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက ဆန်စပါးစိုက်ပျိုးနည်းစနစ်များနှင့် ဆန်စပါးကို စီးပွားဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုအကြောင်း၊ ဒေသအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးအတွက် လိုက်နာရမည့် အချက်များအကြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လုပ်ငန်းများအကြောင်း၊ ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးနေမှု စသည့် စိုက်ပျိုးရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည့် အချက်များပြန်လည်မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)