ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၅) ဦးတို့က မြန်ပြည်ချစ်ရန်ဇွဲစိတ်သန် ခေါင်းစဉ်နှင့် ပြည်ထောင်စု၏ အားမာန်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၃၆) ဦးတို့က စည်းလုံးခြင်းသည်အင်အားခေါင်းစဉ်နှင့် ထာဝရတိုင်းရင်းသား ခေါင်စဉ်နှင့် ထာဝရတိုင်းရင်းသားခေါင်းစဉ်များဖြင့်လည်ကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲများသို့ အ.ထ.က(ခွဲ)လ-၂၉ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဦးနှင့် ဆရာမ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား/ကျောင်းသူ (၆)ဦးတို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ/ဆရာမများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စောလွင် (ပြန်/ဆက်)