ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ Super- sun 41 နေကြာမျိုးစေ့ချစိုက်ပျိုးပွဲနှင့် မြေနိမ့်ကော်ဖီပင် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

ငပုတော ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ငပုဝောာမြို့နယ် တမန်ချောင်း ကျေးရွာအုပ်စုတောင်သူ မန်းဖိုးလေဗွေ၏ ဥယျာဉ်ခြံမြေအတွင်း စိုက်ပျိုးထားသည့် ‌မြေနိမ့်ကော်ဖီသီးနှံပင်အား ၁၅ ပတ်လည် Compound မြေဩဇာထည့်သွင်းကျွေးမွေးနေမှုအား ကြည့်ရှု့အားပေးပြီး တာဝန်ရှိသူထံ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ်းနီကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည့် Super-sun 41 နေကြာမျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကာ မျိုးစေ့များ အလေ့အလွင့်မရှိစေရေးနှင့် ဖြစ်ထွန်းအောင်မြင်စေရေး အထူးအလေးထားဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက်ဟင်းအိုးချောင်း ကျေးရွာ အုပ်စုတွင် ကျင်းပပြုလုပ်သည့် နေကြာမျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ကာ တာဝန်ရှိသူများနှင့်အတူ နေကြာမျိုးစေ့များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ငပုတော)