ငပုဝောာမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

ငပုဝောာ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စုနှင့် ကတ္တရာဝကျေးရွာအုပ်စုတို့တွင် အသက် ၁၈နှစ်နှင့်အထက် လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ စာရင်းများကောက်ယူနေမှုအား  မြေပြင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်ကော်မတီဝင်များက အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရာလိပ်စာ အစီအစဉ်အလိုက်ဖြည့်သွင်းခြင်း၊ မြေပြင်တွင် နေထိုင်မှု ရှိ/မရှိ စီစစ်ခြင်း၊ သေဆုံးသူစာရင်းများစိစစ်ခြင်း၊ စာရင်းတွင် ပါဝင်သော်လည်းမြေပြင်တွင်နေထိုင်နေမှု ရှိ/မရှိ စီစစ်‌စစ်ဆေးဆောင်ရွက်ခြင်း၊ စာရင်း၌မပါဝင်ဘဲမည့်သည့်လက်မှတ်မျှကိုင်ဆောင်ထားခြင်းမရှိသော သူများကို စစ်ဆေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသေးသော သူများအား ပန်းခင်းစီမံချက် (၃)အရ အိမ်ထောင်စု စာရင်းတစ်မျိုးမျိုးထုတ်ပေးရန်အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဖေဖော်ဝါရီလ ၃ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)