မြစ်သား ဖေဖော်ဝါရီ ၆
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် စိတ်ကြိုက်ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများတွင် (၂၀)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိာင်ပွဲများတွင် (၁၅)ဦး၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် (၁၀) ဦး၊ စုစုပေါင်း (၄၅) ဦး ယှဥ်ပြိုင်ခဲ့ရာ မြို့နယ်ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)