မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂-၂၀၂ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးသန်းဇော်က လေလံရောင်းချခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာနှင့် အကြီးတန်းစာရေးတို့က လိုင်စင်အားလုံး စည်းကမ်း၊ လိုင်စင်တစ်ခုချင်းစီ၏ စည်းကမ်းများအား ရှင်းလင်းဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့မဈေးစက်ဘီးထိန်းလိုင်စင်၊ မြို့ဝင်ဘီးကောက်လိုင်စင်၊ မြို့မဈေးကောက်လိုင်စင်၊ မြို့မနှင့်ကျေးလက်ဝက်သားသတ်လိုင်စင်၊ မြို့မနှင့်ကျေးလက် အမဲသားသတ်လိုင်စင် စသည်တို့ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ရာ လေလံဆွဲယူသူများမှ ဝင်ရောက်ယှဉ်ပြိုင်ဆွဲယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)