ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (လေသာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးပပဖြိုးက “စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” အကြောင်းအရာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခြူးယမုံဝင့်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ” ခေါင်းစဥ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက်တွင် “PM2.5 အကြောင်းသိကောင်းစရာ” အသိပညာပေး Video Clip ပြသခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ဗဟုသုတ မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြား၍ အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)