မိုင်းရှူးမြို့၌ (KG) ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မိုင်းရှူး ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းရှူး)နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၀၄)ဦးအား‌ ကျောင်းများအလိုက် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းသည် ကျောင်းသား၊ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော စားသောက်မှုပုံစံနှင့် အမူအကျင့်များစွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)