ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ဝမ်းတွင်း ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၄ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးဌာနမှူး ဦးစိုးမင်းထံက သိရသည်။    

ထိုသို့ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုဇယားကို အခြေခံပြီး ကောက်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြို့နယ် (ပြန်/ဆက်)