ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကော့သောင်း ဖေဖော်ဝါရီ ၆

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချမ်းဖန်း-ဟတ်စခင်း-အော်ကြီးလမ်းကွန်ကရစ်လမ်း (၀/၅)မိုင်ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရိန်ထွန်း၊ ကော့သောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးကောင်းထက်ရှိန်နှင့် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တို့က ချမ်းဖန်းဟတ်စဒင်း-အော်ကြီးလမ်း: ကွန်ကရစ်လမ်း (၀/၅) မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)