ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်

ခမောက်ကြီး ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ် မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်မှ မိမိတို့ မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်တစ်ရက်ဖြစ်သည့် ပြည်‌ထောင်စုဖြစ်‌ပေါ်လာပုံ၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသူများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် ပြည်ထောင်စုနေ့ဆိုင်ရာ သမိုင်းကြောင်းများကို ဟောပြောခဲ့ပြီးကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ အဆိုပါဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီး  (ပြန်/ဆက်)