ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ () ရက်နေ့မှ (၁၂) ရက်နေ့အထိ တစ်ပတ်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက် (၁၀) နာရီအချိန်တွင် အဆိုပါကောလိပ်၌ ဖွင့်ပွဲကျင်းပဆောင်ရွက်သည်။

ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေးကောလိပ်မှ တာဝန်ရှိသူများ၊ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းအလိုက် အားကစားမောင်/မယ် သင်တန်းသား/သူများ တက်ရောက်ကြပြီး အားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ထောင်ဖို့ရာ အရည်အသွေးပြည့်ဝသော လူငယ်များ၏အားအင်များသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ အားကစားပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အားကစားပွဲကျင်းပသလို ပါဝင်ယှဉ်ပြိုင်ကြမည့် သူများအနေဖြင့်လည်း စည်းလုံးညီညွတ်မှုကိုအခြေခံသော ပြည်ထောင်စုစိတ်ဓာတ်များကိန်းဝပ်၍ ယှဉ်ပြိုင်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားသမားများကလည်း အားကစားသစ္စာဓိဌာန် () ချက် သီဆိုခဲ့ကြကြောင်း သိရသည်။

ယခုကျင်းပမည့် ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ အားကစားပြိုင်ပွဲများတွင် ကျား၊ မခွဲ၍ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် Fitness Danceပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအား (၇၈) နှစ်မြောက်သော ပြည်ထောင်စုနေ့တွင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)