မိုင်းဖြတ်မြို့နယ်တွက် ပဲပုတ်သီးနှံစံပြစိုက်ခင်း၌ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ

မိုင်းဖြတ် ဖေ​ဖော်ဝါရီ ၅ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဟောင်ဟင်ကျေးရွာရှိ တစ်ကွင်းတစ်စပ်တည်း ဆောင်ရွက်ထားရှိသည့် ပဲပုပ်သီးနှံစံပြစိုက်ခင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ပဲပုပ်သီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ထွန်ရက်ချိန်မှ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်အထိ အဆင့်ဆင့်လိုက်နာရမည့် နည်းစနစ်များကို ပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အောင်မြင် ဖြစ်ထွန်းနေသည့် ပဲပုပ်စိုက်ခင်းအား လက်တွေ့ရှင်းလင်းပြသခဲ့သည်။

ထို့​နောက် ​တောင်သူများ၏ သိလိုသည့်အချက်များ ​မေးမြန်း​ဆွေး​နွေးခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ​ဖြေကြား​ပေးခဲ့သည်။ မိုင်းဖြတ်မြို့နယ်တွင် ပဲပုပ်သီးနှံကို ယခုနှစ်မိုးရာသီတွင် (၂၀၆၀) ဧကနှင့် ဆောင်းရာသီတွင်ဧက (၁၀၀၀) စိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် ယခင်နှစ်ထက် လယ်သီးထပ်အဖြစ် ဧက (၇၂၀) တိုးချဲ့စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)