လိုင်လင်းပီ ဒီဇင်ဘာ ၄
ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ နှလုံးလျှပ်စစ် မှတ်သည့်စက် ECG ( Electrocardiograph) ကျပ်ကိုးသိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ စက်လှူဒါန်းခြင်းကို တိုက်နယ်ဆေးရုံတွင် နံနက် ၁၀နာရီအချိန် ပြုလုပ် ခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ ဦးစီးမှူးဦးနိုင်းခွီရှိန်းမှ Win-Win Organization(YGN) အလှူရှင်များကိုယ်စား ECG စက်ကို တိုက်နယ်ဆေးရုံတာဝန်ခံ Dr. အောင်မျိုးသူလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး Win-Win Organizationအား ကျေးဇူးတင ်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်၊၊ အဆိုပါ အလှူခံရရှိမှုနှင်ပတ်သက်၍'' လိုင်လင်းပီ တိုက်နယ်ဆေးရုံ (၁၆) ခုတင်ဆံ့ အတွက် ECG စက် လှူဒါန်းခြင်းအတွက် Win-Win Organization ကိုကျေးဇူးအထူးတင်ရှိပါတယ်၊ အရင် ECG စက်မရှိခင် လူနာတွေ ECG ဆွဲဖို့လိုအပ်တဲ့အခါ အလွန်စိတ်ညစ်ပြီး ခေါင်းခြောက်ရပါတယ်၊ ဟားခါး၊ မတူပီ လွှဲပြန်လည်း လမ်းက မိုးရာသီခရီးသွားမရတော့ လုံးဝအဆင်မပြေခဲ့ပါဘူး၊ ခုတော့ ECG စက်ရှိပြီဆိုတော့ လိုအပ်တဲ့ လူနာတွေအတွက် စိတ်ချမ်းသာပါပြီ၊ စက်ကို လှူဒါန်းပေးပါသော Win-Win Organization မိသားစုကိုလည်း အထူးပဲကျေးဇူးတင် ရှိပါတယ်"ဟု Dr. အောင်မျိုးသူမှပြောသည်။ Win-Win Organization သည် " Win for Women-Win for All ဟူသောဆောင်ပုဒ်အတိုင်း အမျိုးသမီးများ မည်သည့် အခန်းကဏ္ဍတွင်မဆို ကျား/မတန်းတူညီမျှမှု ရှိစေရေး၊ အမျိုးသမီးများ၏ ဘဝတန်ဖိုးနှင့် ကိုယ်ရေ ကိုယ်သွေးမြင့်မားစေလာရန် ပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ၊ နွမ်းပါးသောမိသားစုဝင်ကလေးငယ်များ၏ ပညာသင်စရိတ်ထောက်ပံ့ပေးခြင်း၊ ကျေးလက်နေ လူထုအား အခမဲ့ကျန်းမာရေး စောက် ရှောက်မှုများအပြင် အခြားလှုမှုရေးဖွံ့ဖြိုးရေးလုပ်ငန်းများ အားဖြူစင်သော စေတနာဖြင့် နိုင်ငံခြားအလှူရှင်အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုမယူပဲ နေရာအနှံ့ အလှူခံခြင်း များမပြုလုပ်ပဲ တက်ကြွစွာ အလှူများ ပြုလုပ်နေပါတယ်" ဟု Win-Win Organization ဥက္ကဌ ဒေါ်ကေသီဝင်းမှပြောသည်၊၊
ဆလိုင်းနိုင်းခွီရှိန်း(ပြန်/ဆက်)