အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ကမ်းပိန်းလုပ်ငန်းများ ဆောင်ရွက်

 

 

မိုင်းနောင်  ဒီဇင်ဘာ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ကမ်းပိန်းလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီ အချိန်က မြို့လယ်ဓမ္မာရုံရှေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင်၊ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့အစည်း၏ စီစဉ်မှုဖြင့် မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်နန်းမီး၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သူသူအောင်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာများနှင့် အမျိုးသမီးငယ်များ ပူးပေါင်း၍အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး အသိပညာပေးလက်ကမ်းစာစောင်များ၊ အမျိုးသမီးများကိုအကြမ်းဖက်မှုများမှ ကာကွယ်ပေးသည့် ဥပဒေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အမျိုးသားများလည်း ပါဝင်စို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အကြမ်းဖက်မှု တိုင်းအတွက် အကြမ်းဖက်သူမှာသာ တာဝန်ရှိပါသည် ပိုစတာများကြော် ငြာကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ လူစည်ကားသည့်မြို့တွင်းစျေးဆိုင်များနှင့် နေအိမ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဥပဒေဖြင့် ကာကွယ်ပေး အထိမ်းအမှတ်(mask)နှင့်ရင်ထိုးတံဆိပ်များအား တပ်ဆင်ပေးခြင်းများဆောင်ရွက်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် လူဦးရေ(၃၀)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင် ပြန်/ဆက်