လဲချား ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(လဲချား)ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနန်းတင့်မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဗဟုသုတများအားလည်းကောင်း၊ ဘာသာရပ်(၆)ခု သင်ကြားရေး ဆရာ/ဆရာမများမှ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန် နည်းလမ်းများအားလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)