ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့မှ လေလံရောင်းချပွဲ အခမ်းအနားကျင်းပ

ရပ်စောက် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြိုနယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာားရေးနှစ်အတွက် အရပ်ရပ်အခွင့်ရေးလုပ်ငန်းလိုင်စင်(၂၉)ခုနှင့် သားသတ်လိုင်စင် (၂၂)ခုတို့၏ လုပ်ကိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ရဿဝတီခန်းမ၌ကျင်းပပြုလုပ်ရာ  မြို့နယ်လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးသက်အောင်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ရပ်စောက်မြို့နယ် စည်ပင်သာယာရေး‌ဌာနအမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က စည်းမျဉ်းစည်းကမ်များ၊ ‌လိုင်စင်များဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ က‌လောမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့၊ လေလံဆွဲဝယ်ယူမည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လေလံရောင်းချပွဲတွင် ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်ရေးလုပ်ငန်းလိုင်စင် (၂၇)ခုအတွက် ကြမ်းခင်းဈေး (၁,၆၆၆)သိန်း အပေါ်တွင်(၁,၈၀၅) သိန်းကိုလည်းကောင်း၊ သားသတ်လိုင်စင် (၂၂) ခုအတွက် ကြမ်းခင်းဈေး(၂,၈၃၂) သိန်းအပေါ်တွင် (၂,၉၆၈) သိန်း လေလံရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်