ဒေးဒရဲ ဖေဖော်ဝါရီ ၆
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် ပဆင-တညင်ကုန်း- သဲကုန်း- ကုန်းတန်းကလေး ကျေးရွာချင်းဆက်လမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၁)နာရီက အဆိုပါကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးမင်းသိန်းက ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်တို့က ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထိုနောက် ပဆင-တညင်ကုန်း-သဲကုန်း-ကုန်းတန်းလေး ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းကို (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် အရှည် (၀/၂.၅၇)မိုင်၊ အကျယ် (၁၂) ပေ၊ ထု (၇) လက်မရှိ ကျေးရွာဆင်းဆက်လမ်း အား တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရပြီး ၎င်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်း တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် တညင်ကုန်း၊ သဲကုန်း၊ ကုန်းတန်းကလေး ကျေးရွာအုပ်စုများရှိ ပြည်သူများအနေဖြင့် ရာသီမရွေး သွားလာနိုင်ပြီး ဒေသထွက်ကုန်များအား ကုန်လမ်းခရီးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)